Wolf Warrior - 1 (aka) Zhan lang - 1 (2015) [ Wu Jing , Kevin Lee ] { Action , Crime , Thriller , War } China



IMDB: 5.4/10 1,884 votes

3 wins 11 nominations.


ဒီနေ့ အတွက်တော့ အတိုက် အခိုက်၊ အပစ်အခတ်နဲ့ ခပ်သွက် သွက် အက်ရှင်ကားကြည့် ပရိ သတ်အတွက် တရုတ်အက်ရှင် ကားလေးဖြစ်ပါတယ်။အထူး ရဲတပ်ဖွဲ့က တပ်ကြပ် ကြီး လန်ဖန် ဟာ လက်ဖြောင့်သေနတ် သမား တစ်ဦးဖြစ်ပြီး တစ်ရက် မှာ သူတို့ တပ်ဖွဲ့တရားမ၀င် ဘိန်း ထုတ်တဲ့ စက်ရုံကို ၀င်ရောက်နှိမ်နင်းရင်း ဘိန်းရာဇာ တစ်ယောက် နဲ့ ထိပ်တိုက် ဆုံခဲ့ပါတယ်။ဘိန်းရာဇာက ဓားစာခံ တစ်ယောက်ကို အကာအကွယ် ယူရင်း အထူးတပ် ဖွဲ့ဝင်တစ်ယောက်ကို သေနတ် နဲ့ ပစ်ခဲ့တာကြောင့် လန်ဖန် က အထက် အမိန့် ကို မစောင့်ဘဲ ကိုယ့် သဘော နဲ့ ကိုယ် ဘိန်းရာဇာကို သေနတ်မှန်အောင်လုပ်ခဲ့ပါတယ်။အမိန့် မနာခံမှု နဲ့ လန်ဖန် တစ်ယောက် အထူးရဲ တပ်ဖွဲ့က အ ထုတ်ခံခဲ့ရပေမယ့် တပ်စုမှူးလုံ ရှောင်ယွမ် က လန်ဖန် ရဲ့ လုပ်ရည် ကိုင်ရည် ကို သဘောကျတာ ကြောင့် “War Wolf” လို့ခေါ်တဲ့ ပထမအဆင့် အထူးတပ်ဖွဲ့ကို ခေါ် ယူခြင်းခံခဲ့ရပါတယ်။
တစ်ရက်မှာတော့ အထူးရဲ အဖွဲ့ဟာ တရုတ် သူဌေးကြီး မင်းဒန် ကို လူကုန်ကူးမှု၊ လက်နက် လက်ဝယ်ထားမှု စတဲ့ အမှုတွေ နဲ့ သူ့အိမ်ကို အဖွဲ့လိုက်ဝင်ဖမ်းတဲ့ အခါ သူကလည်း ခေသူတော့ မဟုတ်ပါဘူး။ကြေးစားသေနတ် သမားတွေကို အဖွဲ့လိုက်ငှားထား တာမို့ သူဌေးကြီးကို လာဖမ်းတဲ့ ရဲတပ်ဖွဲ့ ၀င်တွေကို ကြေးစားအဖွဲ့ တွေက မသေမချင်း ဘက်ပေါင်း စုံကနေ ပြန်တိုက်ခဲ့ပါတယ်။သူဌေးကြီး မင်းဒန်ကလည်း လန်ဖန် ရဲ့ သေနတ်ကျည်ကြောင့် သူ့ညီသေခဲ့ရတာမို့ မခဲမကျေဖြစ် ပြီး လန်ဖန် ကို လက်စားပြန်ချေဖို့အတွက် ကြေးစား လူသတ်သမား အမေရိကန်ရေတပ် အဖွဲ့ဝင်ဟောင်း  တော်မ်ကက် ကို ငှားခဲ့ပါတယ်။တပ်ဖွဲ့သစ်ထဲကို ရောက်သွားတဲ့ လန်ဖန် ဟာ အဖွဲ့ဝင်သစ်တွေနဲ့ အဆင်ပြေအောင် ကြိုးစား နေထိုင်ပြီး တိုက်ပွဲတွေဝင်ခဲ့ပြီး နောက်တစ်ရက်မှာ တော်မ်ကက် နဲ့ ထိပ်တိုက်တွေ့ပါတော့တယ်။ဘိန်းရာဇာ ရဲ့ ကိုယ်စား လန်ဖန်ကို အသေတိုက်မယ့် ကြေးစားအဖွဲ့တွေနဲ့ ဆုံတဲ့အခါ လန်ဖန်ဘယ်လိုအခြေအနေနဲ့ အဆုံးသတ်မလဲဆိုတာ ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ပါဦး။(ရုပ်ရှင်အညွှန်းကို ohnphwa.com မှကူးယူဖော်ပြပါသည်။) 


File Size…(900MB) and (760MB)
Quality…BluRay 720p
Format…mp4
Duration…01:30:00
Subtitle…Myanmar Subtitle(Hardsub)
Encoder…Nyeinsaeya Aung
Translated by Kyaw Zaw Htet
Credit To Channel Myanmar

Download Link
===============

Comments

Popular posts from this blog

The Promise (aka) Puen Tee Raluek (2017) Thailand

నా పేరు సూర్య నా ఇల్లు ఇండియా (or) Naa Peru Surya, Naa Illu India (or) Surya - The Brave Soldier (2018) [ Allu Arjun + Anu Emmanuel ] { Action } India

Never Gone (2016) [ Liu Yifei + Kris Wu ] { Drama , Romance } China