Under The Skin (2013) { Drama, Horror, Sci-Fi, Thriller } Switzerland, UK, USA
Cast & Crew
Top Billed Cast
IMDB: 6.3/10 99,810 votes
Nominated for BAFTA Film Award. Another 47 wins 78 nominations.
======================
စကားလက်ဂျိုဟန်ဆန်ရဲ့ Lucy (2014) ဇာတ်ကားကို ကြည့်ဖူးကြမယ်ထင်ပါတယ်…ဇာတ်လမ်းအဆုံးမှာ Lucy တစ်ယောက် ဘယ်ကို လွတ်မြောက်သွားသလဲ….အခုတော့ ဘယ်ရောက်နေလဲ သိပါပြီ…
Lucy တစ်ယောက် Under The Skin ဇာတ်ကားထဲရောက်လာပြီး လုပ်ချင်ရာလုပ်နေပါတယ်…..:Pဒါကတော့ Under The Skin ဇာတ်ကားကို ပေါ့ပေါ့ပါးပါး မိတ်ဆက်ပေးတာပါ။တကယ်တော့ ဒီဇာတ်ကားဟာ ခင်ဗျားကို လေးလံမှု အပြည့်ပါတဲ့ ထိုင်းမှိုင်းမှုတွေနဲ့ အာရုံထွေပြား ဒွိဟတချို့ကိုသာ သယ်ဆောင်လာပေးမှာပါ။ကျွန်တော်ဒီလိုပြောနေလဲ ခင်ဗျားတို့ကတော့ Scarlett Johansson ကြောင့် ဒီဇာတ်ကားကို ကြည့်ချင်နေပြီမလား…သူကလဲ ဒီဇာတ်ကားမှာ အတော်ဟော့ပါတယ်။Poster နဲ့ Scarlett Jo ကိုတွေ့ပြီး ကျွန်တော့်လိုပဲ ခင်ဗျားတို့လဲ ဇာတ်လမ်းကို အမှတ်မရှိ ကြည့်ကြပါဦးမယ်..ကျွန်တော်ကတော့ ဒီဇာတ်ကားကို ခင်ဗျားတို့ဆီ သယ်ဆောင်လာရတာ အတော်ကို ကျေနပ်နေပါတယ်။ဇာတ်ကားကြည့်ပြီး ဘာမှန်းမသိတဲ့ အရသာကို ကျွန်တော်တစ်ယောက်ထဲ ခံစားနေရတာနဲ့စာရင် ခင်ဗျားတို့ကိုဝေမျှလိုက်ရတာကိုညစ်ကျယ်ကျယ် ကျေနပ်နေပါတယ်။ရုပ်ရှင်ဆိုတာ ကြည့်ကောင်းအောင် ရိုက်ရတဲ့အမျိုးပဲ.. ကြည့်ကောင်းမှ ကြိုက်မှ ကြည့်ဖြစ်ကြတယ်မလား။ဒါပေမယ့် ကျွန်တော်ကတော့ မကြိုက်ဘဲ ဒီဇာတ်ကားကို ကြည့်နေမိပါတယ်။ဒီဇာတ်ကားကို Reality ဆန်လွန်းလို့ ကြည့်နေမိတာလား…
မင်းသမီးရဲ့ ညှို့ဓါတ်တချို့ကြောင့် ကြည့်နေမိတာလား…
ပိုစ့်မော်ဒန်ဆန်လို့ ကြည့်နေမိတာလား…
အဘိဓမ္မာဆန်လို့ ကြည့်နေမိတာလား…
ကျန်တဲ့ လားလားပေါင်းများစွာကြား ဘာကိုမှမသဲကွဲပါဘူး။ ဒီလိုမသဲကွဲတာကို ရှင်းလင်းစွာခံစားနေရတာကပဲ Modernize ဖြစ်နေသလိုလို။
ဒီဇာတ်ကားကို တစ်ခြမ်းက မကြိုက်လှပေမယ့် တခြမ်းက ပျော်ဝင်နေတယ်။သူ့ရဲ့ပြသမှုတွေက မပြသနေဘူးလို့ ခံစားနေမိတာမျိုး။
သူဖွက်ထားတာတွေ ဟင်းလင်းကြီး မြင်နေရတာမျိုး။
မကျေနပ်တာတွေကို တင်းတိမ်ကျေနပ်မိစေတာမျိုး။ဆန့်ကျင်ဖက်နှစ်ခုကို နီးကပ်စွာကူးလူးနေစေတာမျိုး။ဘာကိုပြောရမှန်းမသိအောင် ပြောချင်တာတွေများလာပြီဆို
ပြောဆိုတဲ့နယ်ပယ်က လွတ်မြောက်သွားသလို တိတ်ဆိတ်သွားစေတဲ့ ခံစားချက်မျိုးနဲ့ ဒီဇာတ်ကားအကြောင်းကိုကျွန်တော်ပြောပြနေမိတယ်။———————————————————————-Under The Skin ဇာတ်ကားဟာ ရုံဝင်ငွေ နည်းပါးခဲ့ပေမယ့် ပေါ့သေးသေးဇာတ်ကားမျိုးတော့ မဟုတ်ပါဘူး။IMDb Rating (6.3) နဲ့ Rotten Tomatoes ခရမ်းချဉ်သီးပုပ် Rating (85%) ထိ ရရှိထားပြီး နိုင်ငံတကာမှာလဲ ထောက်ခံမှုများစွာ ရရှိထားတာပါ။ရိုက်ကူးစဉ်ကတချို့ Scene တွေကို Hidden Camera တွေနဲ့ ရိုက်ကူးခဲ့တာမို့ သရုပ်ဆောင်တွေရယ်ဆိုလို့ သီးခြားမပါဝင်ခဲ့ဘဲ အပြင်လူတွေသာ ပါဝင်ခဲ့ပြီး အဲ့ဒီလူတွေကလဲ Scarlett Jo ကို မင်းသမီးမှန်းမသိသလို ရုပ်ရှင်ရိုက်နေမှန်းမသိတဲ့ တချို့ Scene တွေလဲ ပါဝင်ခဲ့ပါတယ်။ဒီဇာတ်ကားဟာ နိုင်ငံတကာဆုအတော်များများလဲရရှိထားပြီး အသံပိုင်းဆိုင်ရာနဲ့ပတ်သက်ရင်တော့ ကိုယ်တိုင်လဲ အတော်နှစ်သက်မိပါတယ်။ကဲ….အဆုံးသတ် ညွှန်းရရင် ဒီဇာတ်ကားကို မကြည့်ကြပါနဲ့လို့။ 😛
File Size…(850MB) and (350MB)
Quality…Blu-Ray Rip 720p
Format…mp4
Duration…01:48:00
Subtitle…Myanmar Subtitle(Hardsub)
Encoder…Nyeinsaeya Aung
Translated by Nyein Chan Naing
Credit to Channel Myanmar
Download Link
==============








Comments
Post a Comment