Thelma (2011) { Drama, Family } Philippines



IMDB: 6.7/10 29 votes

9 wins 24 nominations.


 2011 ခုနှစ်ထွက် ဖိလစ်ပိုင် ရုပ်ရှင်ကားလေးတစ်ကားကို
တင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးကတော့ထုံးစံ
အတိုင်းစာဖိုင်မထွက်ပါဘူး အဲ့တာကို စာဖိုင်ဖန်တီးပြီး ပြန်ရေး
ထားတာကြောင့်လိုအပ်ချက်တစ်စုံတစ်ရာရှိခဲ့ရင် ခွင့်လွတ်ပေး
ကြဖို့ ကြိုတင်တောင်းပန်အပ်ပါတယ် ဒီဇာတ်ကားလေက ၂၀၁၁ ခုနှစ်
စက်တင်ဘာလ ၇ ရက်နေ့မှာထွက်ရှိခဲ့တာဖြစ်ပြီး ဖိလစ်ပိုင်မှာ ရုံတင်အောင်မြင်ခဲ့ပါတယ်
ဇာတ်လမ်းလေးရဲ့နာမည်ကတော့ Thelma (သဲမာ) ပါ
နာမည်အတိုင်း အသဲမာတဲ့ကောင်မလေးတစ်ယောက်ရဲ့
ဘ၀ဇာတ်ကြောင်းလေးကို ရိုက်ကူးပြထားတာဖြစ်ပြီး ဖြစ်ရပ်မှန်
ကိုရိုက်ကူးပြထားတာပါ လူ့ဘ၀မှာ အိမ်မက်ဆိုတာ တခုထဲ ရှိသလို
အခွင့်အရေးကလဲ တခါပဲလာတာပါ အဲ့တာကို အမိအရဖမ်းဆုတ်ထား
နိုင်ဖို့ကလဲ တစ်ခါပဲ လောက ကြီးကိုလူတစ်ယောက်ကိုမျက်နှာသာပေးပါတယ်
တစ်သက်မှာတစ်ခါပဲ ရတဲ့ အခွင့်အရေးကို သဲမာဆိုတဲ့မိန်းမချောလေးက
ဘယ်လို ဆုတ်ကိုင် အသုံးချ သွားတယ်ဆိုတာကိုတော့ ပရိတ်သတ်ကြီးက
သင်ခန်းစာယူကြည့်ကြရမှာဖြစ်ပါတယ်
ဇာတ်လမ်း အကျဉ်းလေးကတော့ သဲမာဆိုတဲ့ကောင်မလေး သူ့ဝါသနာက အပြေး
သူ့အမေကလဲ အပြေးချန်ပီယံဟောင်းတစ်ယောက် ယောကျာ်းရကံမကောင်းတော့
ကြက်သမားနဲ့ ညားပြီး သဲမာတို့ ညီအစ်မ ၂ယောက်ကို ကိုယ်ဝန် ရခဲ့တယ် ဒီလိုနဲ့
ကံအကြောင်းမလှတဲ့ သဲမာတို့ ဘ၀ထဲကို မုန်တိုင်းတစ်ခုက ၀င်ရောက်လာခဲ့တယ်
အဲ့တာကတော့ သဲမာ ညီမလေးကို ကားတိုက်သွားတာပါပဲ သဲမာတစ်ယောက်
ဖအေဖြစ်သူက အသုံးမကျတော့ ညီမလေးကိုပြုစုဖို့ကျောင်းနားလိုက်ရပါတယ်
သဲမာရဲ့ ညီမလေးကလဲ ကံဆိုးမသွားရာမိုးလိုက်ရွှာသလိုပဲ အောက်ပိုင်းသေသွားတော့
ကြက်သမားကို ဖအေတော်ထားရတဲ့သဲမာ တစ်ယောက် ညီမလေးကို Wheel Chair ၀ယ်ပေးဖို့
မြို့နယ် အဆင့်အပြေးပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ရာမှ ဗီဇ ပါတဲ့ သဲမာလေး က အနိုင်ရသွားပြီး
ညီမဖြစ်သူကို Wheel Chair လေးဝယ်ပေးနိုင်ခဲ့ပါတယ် ကဲ သဲမာတစ်ယောက် အသဲမာမာ နဲ့
တစ်သက်မှာ တစ်ခါပဲ ရတဲ့ အခွင့်အရေးကို ဘယ်လို ပိုင်နိုင်လှပစွာအသုံးချသွားမလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးက
ဆက်လက်ကြည့်ကြရမှာပါ ………….. 


Qty – DvD rip
Duration – 1hr 44Min
Gern – Inspiration Drama
Subtitle – Myanmar Hardsub (Coverup)
Translator – Phyu Phyu Thant
Encoder – Kyaw Ye Aung
Credit to Channel Myanmar

Download Link
==============

Comments

Popular posts from this blog

The Promise (aka) Puen Tee Raluek (2017) Thailand

నా పేరు సూర్య నా ఇల్లు ఇండియా (or) Naa Peru Surya, Naa Illu India (or) Surya - The Brave Soldier (2018) [ Allu Arjun + Anu Emmanuel ] { Action } India

Never Gone (2016) [ Liu Yifei + Kris Wu ] { Drama , Romance } China