The Grinch (aka) Dr. Seuss' The Grinch (2018) France, Japan, USA
Cast & Crew
Top Billed Cast
IMDB: 6.4/10 17,940 votes
1 win & 18 nominations.
=====================
Christmas ကို မုန်းတီးပြီး တစ်ယောက်ထဲ ခွေးတစ်ကောင်နဲ့ပဲ နေနေတတ်တဲ့ The Grinch ။ မြို့မှာ အရင်နှစ်တွေထက် ၃ ဆ ပိုမိုကြီးမား စည်ကားတဲ့ Christmas ပွဲကြီးလုပ်မယ်ဆိုတာ သိလိုက်ရတော့ သူ ဒီတစ်ခေါက်တော့ ခံနိုင်မှာမဟုတ်တော့ဘူးဆိုပြီး The Grinch ဟာ သစ္စာရှိခွေး Max နဲ့အတူ Christmas ပွဲပျက်အောင် လုပ်ဖို့ ကြိုးပမ်းပါတော့တယ်။Review
…
The Grinch ရဲ့ ဇာတ်လမ်းဟာ ဘာမှထူးခြားမှုမရှိပါဘူး။ Christmas ကာလမှာထွက်တဲ့ Christmas ပွဲရဲ့ အဓိပ္ပါယ်၊ အနှစ်သာရ ဆိုတာကို ပြသချင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ။ လူတွေနဲ့ မနေနိုင်ဘဲ တစ်ယောက်ထဲ အထီးကျန်၊ အမုန်းများစွာနဲ့ နေနေတတ်တဲ့သူကြီး နောက်ဆုံး တရားရပြီး ပျော်ရွှင်တတ်သွားတာဆိုတာမျိုးက A Christmas Carole လိုဟာတွေလည်း အများကြီးရှိခဲ့တာပဲ။Illumination ရဲ့ The Grinch ကတော့ ဒီလို ထူးမခြားနား ဇာတ်လမ်းမျိုးနဲ့ လာခဲ့ပေမဲ့ တင်ဆက်ပုံမှာတော့ ထင်ထားတာထက် တော်တော်လေးကောင်းနေခဲ့တယ်။ စိတ်ပုပ်လှတဲ့ ဇာတ်လိုက်ကြီးကို Despicable Me နဲ့ ပုံဖော်ပြထားနိုင်ခဲ့တဲ့ Illumination အတွက်တော့ The Grinch ကိုပုံဖော်တာမှာ ပြဿနာမရှိခဲ့ဘူး။ Evil ဖြစ်သလောက် ချစ်စရာလည်းကောင်း၊ ပျော်ဖို့လည်းကောင်း၊ ပေါတောတောဘက်လည်း ရောက်မသွားဘဲ တော်တော်လေး balanced ဖြစ်တယ်။ နဂိုတည်းက creative ဖြစ်တဲ့အတွက် တချို့ဇာတ်ဝင်ခန်းတွေဆိုလည်း သာမန် ပျော်စရာအခန်းတွေထက် ပိုကြည့်ကောင်းတယ်။ Minion ကားတွေရဲ့ အငွေ့အသက်လည်း တွေ့ရတယ်။ (The Grinch စကားပြောသံကြားရင် Sherlock မျက်နှာပဲ ပြေးပြေးမြင်နေမိသေးတယ်။)The Grinch အတွက်တော့ ထွေထွေထူးထူး သိပ်ပြောစရာမရှိပါဘူး။ Christmas ကားမို့လို့ ဘာမှ အထူးအဆန်းကြီးတွေ မပါဘူး။ ပေါ့ပေါးပါးပါးနဲ့ တစ်ကားလုံးနီးပါး ကြည့်ရပျော်ဖို့ကောင်းတယ်။ အချိန်ပေးရ တန်တဲ့ လူအများစု သဘောကျနိုင်မဲ့ ကားတစ်ကားပါ။Admin KPKDatShin: 3/5
IMDB: 6.4/10
Rotten Tomatoes: 58%
အညွှန်းကိုတော့ DatShin Facebook Page မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။
File Size – 1.37 GB
Quality- Blu Ray 1080p 6CH
Running Time – 1hr 26min
Format – mkv
Genre – Animation, Comedy, Family
Subtitle – Myanmar (Hard Sub)
Translator – Aung Myint Oo
Encoded By – Boogeyman
Credit to Channel Myanmar
Download Link
==============
















Comments
Post a Comment