Mom (2017) [ Crime, Drama, Thriller ] India
IMDB: 7.4/10 2,300 votes
2017 မှာထွက်ခဲ့သမျှ Bollywood ကားတွေမှာ အားရစရာ သိပ်မတွေ့ခဲ့ဘူး
အထူးသဖြင့် တကယ့် ဂရိတ်ကြီးတွေရဲ့ ကားတွေ တော် မျှော်လင့်သလို ဖြစ်မလာခဲ့ဘူး
(Akshay ရဲ့ Toilet တော့မကြည့်ရသေး)Badrinath Ki Dulhania လေးတော့ မဆိုးပါဘူး====================================================ဒီတစ်ခါ Bollywood ပရိတ်သတ်ကြီးကို တင်ဆက်ပေးမှာကတော့ မင်းသမီးကြီး Sridevi ရဲ့ Mom ဆိုတဲ့ ဇာတ်ကားပါပဲ့
English Vinglish မှာ ထူးထူးခြားခြား သတိထားမိတာပါ ( တခြားကားတွေ မကြည့်ဖူး )ဒီကားထဲမှာလည်း သရုပ်ဆောင်သွားတာ သိပ်ကောင်းလွန်းလို့ မျက်ရည်ဝဲမိတဲ့ အထိပါပဲ့
အမေတစ်ယောက်ရဲ့ မေတ္တာ ဂရုဏာ ဒေါသ အားလုံးကို ကျွန်တော့်တို့ကို ချပြသွားနိုင်ပါတယ်
မိခင် ဖြစ်ထားတဲ့ သူတွေ မိခင်ဖြစ်လာမည့် သူတွေ တွေ သမီးမိန်းကလေးတွေ
သမီးရှင်တွေ လက်လွတ်မခံပဲ ကြည့်ထားသင့်တဲ့ ပညာပေး ဇာတ်ကား တစ်ကားပါ။IMDB 7.4/10 ထိ ရရှိထားတာဆိုတော့ ကောင်းမကောင်း ပြောမနေတော့ပါဘူးဒါ့အပြင် သဘာဝမင်းသားကြီး Nawazuddin Siddiqui ကလည်း အထူးသရုပ်ဆောင် အဖြစ်ပါဝင်ထားပါတယ်။ဇာတ်လမ်းလေးကို ပြောရမယ်ဆိုရင့့်ဒေ့ဗ်ကီဆိုတဲ့ ကျောင်းဆရာမ တစ်ယောက်ဟာ ခင်ပွန်းနဲ့ သမီးလေး နှစ်ယောက်နဲ့ ပျော်ရွှင်ဖွယ်ဘဝလေးကို ဖြတ်သန်းနေတာပါ။
ပြသနာ ရှိတာဆိုလို့ သမီးနှစ်ယောက်ဆိုတဲ့ အထဲမှာ သမီးအကြီးက လင်ပါသမီးပါ့
လင်ပါသမီး ဖြစ်ပေမယ့် ကိုယ့်သမီးအရင်းလို သဘောထားပြီး မေတ္တာတွေ ပေးခဲ့တယ့့် ဘယ်တော့မှ ခွဲခြားခွဲခြား မဆက်ဆံခဲ့ပါဘူးဒါပေမဲ့ အာယာ့ အာယာကတော့ အဖေဖြစ်သူ နောက်မိန်းမယူလိုက်ပေမယ့် မိမိ အမေဖြစ်သူ့ကို အခုချိန်ထိ မမေ့နိုင်သေးပဲ
အမေ့နေရာကို တခြား တစ်ယောက်ကို အစားထိုးလို့ မရနိုင်သေးဘူး” အမေတစ်ယောက်ရဲ့ ဘဝမှာ သမီးတစ်ယောက်ဆိုတာ ရှိစမြဲပဲ့
ဒါပေမဲ့ သမီးတစ်ယောက်အတွက်တော့ အမေဆိုတာ အစားထိုးလို့ မရဘူး “====================================================အဆင်မပြေလှတဲ့ အာယာကို ကလေးမို့ အတတ်နိုင်ဆုံး လိုက်လျောပြီး တနေ့ အဆင်ပြေသွားမှာပါဆိုတဲ့ စိတ်နဲ့ ရှေ့ဆက်နေ့တဲ့ ဒေ့ဗ်ကီ တို့ ဘဝထဲကို
မထင်မှတ်ထားတဲ့ ကံကြမ္မာဆိုးကြီး ကျရောက်လာပါတော့တယ့့်အာယာ တစ်ယောက် ချစ်သူများနေ့ ပါတီပွဲကအပြန် အဓမ္မကျင့်ခံလိုက်ရပါတယ့့်တရားခံတွေကို ဖမ်းမိပေမယ့် လူယုတ်မာတွေဟာ ခြေရာလက်ရာ ဖျောက်ကာ
သက်သေတွေကို ဖျက်စီးခဲ့တဲ့အတွက် တရားဥပဒေအရ အပြစ်ပေးလို့ မရပါဘူး
တရားသေ ပြန်လွှတ်ပေးခဲ့ရပါတယ့့်ဒီအခါမှာတော့ အမေတစ်ယောက်က သမီးတစ်ယောက်အတွက် အကြွေးကို ကိုယ်တိုင် သိမ်းယူဖို့ ဖြစ်လာခဲ့ပါတော့တယ်” ဘုရားကို ယုံကြည်ပါ အစစအရာရာ အဆင်ပြေသွားလိမ့်မယ်
ဘုရားက နေရာတကာမှာ ရှိမနေနိုင်ပါဘူးရှင်
သိတယ်လေ
ဒါကြောင့်ပဲ အမေတွေကို ဖန်ဆင်းထားတာပေါ့ “=====================================================(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်က ကိုဇော်ထူးပါ။)
File Size : (1.1 GB) and (450 MB)
Quality : Blu-Ray 720p
Running Time : 2hr 26min
Format : Mp4
Genre :Drama, Thriller
Subtitle : Myanmar Subtitle (Hard Sub)
Source : BluRay.x264.AC3.5.1.-.Hon3y
Translated by Zaw Htoo
Encode by Thanhtike Zaw
Credit to Channel Myanmar
Download Link
================

Comments
Post a Comment