Heartfall Arises (aka) Jing xin po (2016) { Action , Crime , Drama , Thriller } Hong Kong
IMDB: 4.6/10 114 votes Ng Ban Yu N/A Hong Kong 19789
SynopsisComplete cast
ဒီနေ့ရုပ်ရှင်အကြို ခံစားဖို့အတွက် ကိုတော့ ဟောင်ကောင် တရုတ်မှု ခင်း၊ အက်ရှင်၊ ဒရာမာဇာတ်ကား လေးအကြောင်း ဖော်ပြပေးလိုက် ပါတယ်။အပစ်အခတ်နဲ့ အစဖွင့်ထား တဲ့ ဒီဇာတ်လမ်းမှာ ရဲစုံထောက် ဂျွန်မာဟာ လူသတ်သမား Generalနဲ့ အပြန်အလှန်ပစ်ခတ်နေတုန်း ဂျွန်မာဟာ General ရဲ့ ခေါင်းကို သေနတ်နဲ့ပစ်ပြီး ရှင်းလိုက်နိုင်သ လို စုံထောက်မာလည်း နှလုံးတည့် တည့်ကို သေနတ် မှန်သွားခဲ့ပါ တယ်။ ဒါပေမဲ့လည်း ကံကောင်း စွာနဲ့ အချိန်မီနှလုံးအစားထိုး ကုသ နိုင်ခဲ့တာကြောင့် ဂျွန်မာအသက် ရှင်သန်ခွင့်ရခဲ့ပါတယ်။ဆေးရုံမှာ ကုသခံနေတုန်းမှု ခင်းဆိုင်ရာ စိတ်ပညာရှင်ကယ်လ် ဗင်ချဲနဲ့ ဆုံခဲ့ပြီး တကယ်တော့ သူ တို့နှစ်ယောက်ဟာ တစ်ချိန်တုန်း က တရုတ်စစ်တုရင်မာစတာတွေ ပဲ ဖြစ်ပါတယ်။နိုင်ငံတစ်လွှားမှာ ခန္ဓာကိုယ် အစိတ်အပိုင်းရယူဖို့အတွက် သတ်ဖြတ်ခံရတဲ့ မှုခင်းတွေများလာတဲ့ အတွက် ရဲစုံထောက်မာနဲ့ စိတ်ပညာရှင်ချဲတို့နှစ်ယောက်အတူ စုံစမ်းဖော်ထုတ်ဖို့ လုပ်ခဲ့ပါတယ်။
သူတို့နှစ်ယောက် လူသတ်မှုတွေရဲ့ အချိတ်အဆက်တွေကိုစုံ စမ်းဖော်ထုတ်လာနိုင်လေလေ အပြစ်မဲ့ပြည်သူတွေ အသက်ဘေးအတွက် ပိုပြီးရင်ဆိုင်လာရအောင် လုပ်မိသလို ဖြစ်သွားခဲ့ပါတယ်။အမှန်အကန်အက်ရှင်တွေနဲ့ ပြကွက်ရိုက်ချက်ကောင်းကောင်း မြင်တွေ့ရမယ့် ဒီဇာတ်ကားလေးမှာ စုံထောက်မာတို့နှစ်ယောက် လူသတ်မှုကွင်းဆက်တွေကို ဘယ်လိုဖော်ထုတ်ကြမှာလဲ၊ ခန္ဓာကိုယ် အစိတ်အပိုင်း အစားထိုးမှုရဲ့နောက်ကွယ်က မှုခင်းတွေရဲ့တရားခံက ဘယ်သူဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါ ဦး။ဒီဇာတ်ကားမှာပါဝင်ထားသူ တွေက ဟောင်ကောင်အက်ရှင် မင်းသားတွေဖြစ်တဲ့ နီကိုလက်စ်စဲ့၊ ရှောင်လောင်၊ တုန်လီရ၊ မာဗစ် ဖန်စတဲ့ သရုပ်ဆောင်တွေအများ ကြီး ပါဝင်ထားတာမို့ ပရိသတ်တွေ သဘောကျမယ်ထင်ပါတယ်။(ရုပ်ရှင်အညွှန်းကို 7daydaily.com မှကူးယူဖော်ပြပါသည်။)
File size…(850MB) and (410MB)
Quality…BluRay Rip 720p
Format…mp4
Duration….01:42:02
Subtitle….Myanmar Subtitle (Hardsub)
Encoder….Little Neo
Translated by Chu Qiao
Credit to Channel Myanmar
Download Link
==============

Comments
Post a Comment