Gone Baby Gone (2007) { Crime , Drama , Mystery , Thriller } USA



Cast & Crew

Top Billed Cast



IMDB: 7.7/10 217,247 votes

Nominated for 1 Oscar. Another 34 wins & 29 nominations.


Gone Baby Gone (2007)
IMDB- 7.7/10 ….Rotten…94%ရရှိထားတဲ့
Crime/Drama ဇာတ်ကားတစ်ကားပါ
ဒါရိုက်တာကတော့ Good Will Hunting နဲ့
လက်စွမ်းပြထားတဲ့ Ben Affleck ဖြစ်ပါတယ်(Morgan Freeman ကြီးကိုလည်း သူနဲ့
အလိုက်ဖက်ဆုံးဖြစ်တဲ့ ခပ်လေးလေးစကားလုံးတွေကို
ပြောရင်း တွေ့ရ​ဦးမှာပါ)ဇာတ်ကားကြည့်ပြီးတဲ့အချိန်ကျရင်
ဒီမေးခွန်း(၂)ခုကို ဖြေကြည့်ကြပါဦး(၁) ဘယ်သူက မှန်လဲ?
(၂) မှန်ကန်တဲ့အဖြေဆိုတာရော ရှိခဲ့လား?ဒီတစ်ခါ Review ကို မရေးဘဲ
နိုင်ငံတကာ ရုပ်ရှင်ပရိသတ်အချိ့ ခံစားရှုမြင်​ခဲ့တဲ့အ​ပေါ်
Spoil မဖြစ်စေအောင် ရှောင်ရင်း
ဘာသာပြန်ဖော်ပြပေးလိုက်ပါတယ်…
(A)
Gone Baby Gone ဟာ ကလေးသူငယ်ပြန်ပေးမှုအကြောင်းနဲ့
အဲဒါတွေက ဖျက်ဆီးလိုက်တဲ့ ဘ၀တွေ အကြောင်းကို
ခပ်ကြမ်းကြမ်း ဖော်ပြထားတဲ့ ဇာတ်ကားပါ။
ဇာလမ်းက ရှည်​လျားဟန်​ရှိ​ပေမယ့်
အစကနေအဆုံးထိ ပျင်းစရာ ကောင်းတာမျိုး မရှိပါဘူး။ဇာတ်ကားရဲ့အဆုံးသတ်ဟာ ခင်ဗျားတို့အတွက် အချိန်အတိုင်းအတာတစ်ခုထိ
ပြောဆိုငြင်းခုန်စရာအကြောင်းအရာတစ်ခုအဖြစ် ကျန်နေခဲ့မှာပါ။(B)
ဒီဇာတ်ကားက တကယ့်စစ်မှန်တဲ့ခံစားမှုတစ်ခုကို ပေးနိုင်စွမ်းရှိပါတယ်။
ဒါရိုက်တာ Ben Affleck ဟာ ဘော်စတွန်မြို့ရဲ့လမ်းမပေါ်က ဘ၀တွေကို
တင်ဆက်ပြသတတ်သူပါ။
ဇာတ်ကားက မကောင်းပါဘူးလို့ ပြောမိမယ့်
အချိန်တွေမှာ သူပေးချင်တဲ့ Message တွေကို တစ်ခုချင်းစီ ထုတ်ပြသွားပါတယ်။Ben ဟာ ခင်ဗျားတို့ရဲ့ အာရုံကို ဘယ်အချိန်မှာ ဖမ်းစားရမလဲဆိုတာ
ကောင်းကောင်းသိပုံပေါ်တဲ့ ဒါရိုက်တာတစ်ဦးပါပဲ။
ဒီဇာတ်ကားဟာ ကျွန်တော့်ကို မေးခွန်းနှစ်ခုမေးပါတယ်
“ဆုံးဖြတ်ချက်မှန်တယ်ဆိုတာ၊ အဲဒီဆုံးဖြတ်ချက်အတိုင်း
လိုက်လုပ်ရမယ်လို့ ပြောတာလား”
“မှန်မယ်​၊ မမှန်ဘူးဆိုတာ နောက်ဆုံးမှာ
ရသွားတဲ့အကျိုး​ကျေးဇူးကိုကြည့်​ပြီး​ပြောမှာလား”(C)
ဒီရုပ်ရှင်ဟာ ရိုးသားခြင်းရဲ့အရေးပါမှုကိုလှလှပပ​ဖော်​ကျူးပြီး တစ်​ဆက်​ထဲမှာပင်​ ဘ၀ရဲ့အလှတရားတွေကို
ဂရုမစိုက်တော့ကြတဲ့ လူ့အသိုင်းအ၀ိုင်းအကြောင်းကို ရိုက်ပြထားတာပါ။ဒီဇာတ်ကားကို ကြည့်ပြီးသွားတဲ့အချိန်မှာ
ကလေးသူငယ်တွေကို ဒီထက်ပိုပြီး ကြင်နာမယ်၊ စာနာမယ်၊
မေတ္တာထားမယ်ဆိုတဲ့ စိတ်ဖြစ်မလာဘူးဆိုရင်
ခင်ဗျားတို့ဟာ ရင်ဘတ်ဗလာနဲ့ လူသားတွေပါပဲ။ဇာတ်​လမ်းအညွန်းနဲ့ ဘာသာပြန်​သူက​တော့ ကို Sherlockပဲဖြစ်​ပါတယ်​….

File Size…(850 MB)And(349MB)
Quality…720p
Format…mp4
Duration…01:54:00
Subtitle…Myanmar Subtitle(Hardsub)
Translated by Sherlock
Encoder…Phyo Pyae
Credit to Channel Myanmar

Download Link
==============

Comments

Popular posts from this blog

The Promise (aka) Puen Tee Raluek (2017) Thailand

నా పేరు సూర్య నా ఇల్లు ఇండియా (or) Naa Peru Surya, Naa Illu India (or) Surya - The Brave Soldier (2018) [ Allu Arjun + Anu Emmanuel ] { Action } India

Never Gone (2016) [ Liu Yifei + Kris Wu ] { Drama , Romance } China