The Lord of The Rings [ 1 + 2 + 3 ] { Adventure , Drama , Fantasy } New Zealand , USA
ရုပ်ရှင်အညွှန်း
============
(1) The Fellowship of The Ring(အော်စကာ ဆန်ကာတင် ၁၃ နေရာရရှိပြီး အော်စကာ ၄ဆု ရရှိခဲ့)
(မူရင်းရုပ်ရှင်ဗားရှင်းမှာ ၃နာရီ ကြာမြင့်ပြီး လက်ရှိ Extended Versionမှာ ၃ နာရီခွဲ ကြာမြင့်)(2) The Two Towers (အော်စကာ ဆန်ကာတင် ၆ နေရာရရှိပြီး ၂ ဆု ရရှိခဲ့)
(မူလဗားရှင်းမှာ ၃ နာရီကြာမြင့်ပြီး Ext.version မှာ ၃ နာရီ ၄၀ မိနစ် ကြာမြင့်)(3) The Return of The King (အော်စကာ ဆန်ကာတင် ၁၁ နေရာရရှိခဲ့ရာတွင် ၁၁ ဆုလုံးအား စံချိန်တင်ရရှိသွားခဲ့)
(မူလဗားရှင်းမှာ ၃ နာရီ မိနစ် ၂၀ ဖြစ်ပြီး ext.version မှာ ၄ နာရီ ၁၁ မိနစ်ကြာမြင့်)ကျွန်တော်တို့ page လေးမှာ လိုအပ်နေတဲ့ epic film series တစ်ခုကို ဘာသာပြန်သူ Dr.Nyan အကူအညီနဲ့ တင်ပေးလိုက်နိုင်ပါပြီ။ The Lord of the Rings ဟာ ရုပ်ရှင်သမိုင်းရဲ့ အကြီးကျယ်ဆုံး အအောင်မြင်ဆုံးရုပ်ရှင်တွေထဲက တစ်ခုဖြစ်ပါတယ်။ အောင်မြင်မှုတွေကိုကတော့ တွေ့တဲ့အတိုင်းဖြစ်ပြီး RT မှာ rating 90% အထက် IMDb မှာ 8 အထက်တွေချည်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ခဏဏကြည့်ခဲ့ရပေမယ့် Thea.version နဲ့ Extended Version ၂ ခုလုံးကိုတော့ လူတိုင်းကြည့်ဖြစ်မယ်မထင်သေးပါဘူး။ တကယ်လို့ မိတ်ဆွေဟာ LOTR ကို ၉နာရီအစအဆုံးပဲ runကြည့်ဖူးတယ်ဆိုမပြည့်စုံသေးဘူးလို့ ပြောလိုက်ပါရစေ။ တစ်ခေါက်လောက် ၁၂ နာရီ ဗားရှင်းလေး runကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ LOTR ဟာ လူသားတစ်ယောက်ရဲ့ စိတ်ကူးဥာဏ်ထဲက(မူလစာရေးဆရာ J.R.R Tolkien ရဲ့ epic high fantasy adventure ပါ) ထူးခြားခမ်းနားတဲ့ကမ္ဘာတစ်ခု၊ ထူးခြားတဲ့ လူသားတွေနဲ့မျိုးနွယ်တွေ၊ လှပတဲ့ မြင်ကွင်းရှုခင်းတွေ၊ ခံစားမှုမျိုးစုံပေးနိုင်တဲ့ တေးဂီတသံတွေ၊ ကြောက်စရာခမ်းနားတဲ့တိုက်ပွဲတွေ နဲ့ သူရဲကောင်းတွေ၊ သံယောဇဉ်တွေနဲ့ မိတ်ဆွေစိတ်တွေ အားလုံးရစ်ဖွဲ့ထားတဲ့ ဖန်တီးမှုတစ်ခုပါပဲဗျာ။ ကျွန်တော့်မှာ ပြည့်စုံအောင် ညွှန်းပေးနိုင်တဲ့ အစွမ်းမရှိလို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပြီး ဇာတ်လမ်းအကျဉ်းလေးကို ဆက်သွားရအောင်။
ဇာတ်လမ်းတွေအားလုံးရဲ့ အစဟာ စွမ်းအားကြီးမားတဲ့ လက်စွပ်တွေကို စတင်ထုလုပ်ခဲ့ခြင်းကနေ စတင်ပါတယ်။ လက်စွပ် ၃ ကွင်းကို မသေမျိုး၊ဥာဏ်ပညာအကြီးမားဆုံး Elf တွေအတွက်ပေးအပ်ခဲ့တယ်။ နောက် ၇ ကွင်းကို လူပုဘုရင် Dwarf တွေအတွက်ပေးအပ်ခဲ့တယ်။ နောက်ထပ် ၉ ကွင်းကိုတော့ လူသားဘုရင်တွေဆီကိုပေးအပ်ခဲ့ပါတယ်။ ဒီလက်စွပ်တွေဟာ မျိုးနွယ်တွေကြားမှာ စွမ်းအားတွေကို ညီညွှတ်မျှတအောင် လုပ်ဆောင်နေခဲ့တယ်လို့ ထင်ရပေမယ့် ထောင်ချောက်တစ်ခုပါပဲ။ နောက်ဆုံးမှာတော့ တစ်ကွင်းတည်းသောလက်စွပ်ကို ထုလုပ်ခဲ့ပါပြီ။ လက်စွပ်အားလုံးကို စုစည်းဖို့၊ထိန်းချုပ်ဖို့၊သိမ်းပိုက်ဖို့ တစ်ကွင်းတည်းသော လက်စွပ်ပါပဲ…..အဲဒီလက်စွပ်ကို မိစ္ဆာဘုရင် Sauron ကိုင်ဆောင်ပြီး Middle-Earth ကမ္ဘာမြေကို သိမ်းယူဖို့ကြိုးစားတဲ့အခါ လူသားတွေနဲ့ Elf တွေ မဟာမိတ်တွေ အဖြစ်ခုခံခဲ့ကြတယ်။ ဒီစစ်ပွဲကို အနိုင်ရခဲ့ခြင်းဟာ နှစ်ထောင်ကျော်ကြာအောင် ငြိမ်းချမ်းမှုကို ပေးခဲ့သလိုဖြစ်ပေမယ့် လက်စွပ်ကိုရသွားတဲ့ ဘုရင် အီဆယ်ဒေါဟာ လက်စွပ်ရဲ့ဆွဲဆောင်မှုကို မခံနိုင်ဘဲ ကိုယ်ပိုင်အဖြစ် သိမ်းပိုက်ခဲ့ပါတယ်။ သူသေဆုံးသွားခဲ့ပြီး နောက်မှာတော့ လက်စွပ်ဟာ ပျောက်ဆုံးသွားခဲ့ပါပြီ။ Middle-Earth မှာ လူသားဘုရင် နန်းဆက်လည်းပျက်ပြီး နိုင်ငံတွေလည်း ကွဲနေခဲ့ပါပြီ။ Elf နဲ့ လူသားတွေ၊ Dwarf တွေလည်း မစည်းလုံးတော့ပါဘူး။နှစ်ပေါင်းများစွာကြာပြီးနောက်မှာတော့ လက်စွပ်ဟာ ပိုင်ရှင်ပေါ်ပေါက်လာခဲ့တဲ့အပြင် နောက်ဆုံးမှာ မိစ္ဆာ Sauron ရဲ့ဝိညာဉ်နဲ့ အတူနိုးထလာတဲ့အချိန်မှာ……-Hobbitလေး ၄ ယောက် -ဖရိုဒို(Frodo)၊ ဆမ်(Sam)၊ မယ်ရီ(Merry) ၊ပစ်ပင်(Pippin)၊
-သူ့ဘိုးဘေးတွေရဲ့ လက်စွပ်အတွက် သမိုင်းမကောင်းခဲ့တဲ့ ခြေရာမနင်းချင်လို့ ထွက်ခွာသွားခဲ့တဲ့နန်းဆက်ဘုရင်လောင်း အာရာဂွန်(Aragon)
-Elf သူရဲကောင်း လီဂိုးလက်စ်(Legolas)
-မှော်ဆရာကြီး ဂန်းဒါ့ဖ်(Gandalf)
-Dwarfလူပု သူရဲကောင်း Gimil ဂီမေလ် တို့ဟာ Middle-Earth ကမ္ဘာကြီးကို ကယ်တင်ဖို့ စွန့်စားခန်းကြီးတွေ စတင်လာပါတော့တယ်……
File Size : 1.8Gb / 900Mb
Quality : Bluray rip
Format : MP4
Translator: Dr.Nyan
Encoder : Littleneo
Download Movies
Credit : Channel Myanmar
Download Link
==============
[ Google Download Link {C27} Blu-Ray 720p (1.60GB) Credit : Channel Myanmar ]
======
[ Google Download Link {C29} Blu-Ray 720p (2.09GB) Credit : Channel Myanmar ]
======
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
The Lord Of The Rings - 2 The Two Towers (2002)
Download Link
==============
[ Google Download Link {C27} Blu-Ray 720p (1.65GB) Credit : Channel Myanmar ]
======
[ Google Download Link {C29} Blu-Ray 360p (887MB) Credit : Channel Myanmar ]
======
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
The Lord Of The Rings - 3 The Return Of The King (2003)
Download Link
==============
[ Google Download Link {C27} Blu-Ray 720p (1.84GB) Credit : Channel Myanmar ]
======
[ Google Download Link {C29} Blu-Ray 360p (937MB) Credit : Channel Myanmar ]
======
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
[ Movie Download Link = The Hobbit - 1+2+3 ]

Comments
Post a Comment