Cujo (1983) [ Dee Wallace + Danny Pintauro + Daniel Hugh Kelly + Billy Jayne ] { Horror , Thriller } USA
IMDB: 6.0/10 30,753 votes
1 win & 3 nominations.
ရုပ်ရှင်အညွှန်း
===========
ပြီးခဲ့တဲ့ လတွေက ကျနော် Stephen King ၀တ္တုတွေကို ရုပ်ရှင်ရိုက်ထားတဲ့ စာရင်းကို စလေ့လာခဲ့တယ်
အဲ့ဒီထဲကနေ တကယ်ကောင်းတဲ့ ရုပ်ရှင်ကားတစ်ချို့ကို ဘာသာပြန်ပြီး CM ကနေ ပြန်တင်ဆက်ပေးဖို့ စိတ်ကူးခဲ့ပါတယ်အဲ့ဒီထဲမှာ Cujo လဲ အပါအ၀င်ပါပဲ Cujo ရဲ့ အကြောင်းကရော ဘယ်လိုများလဲ ရုပ်ရှင်ကို ခဏ ကြည့်ရအောင်…==================================ချစ်စရာခွေးကလေး Cujo အကြောင်း ကနေ စရမယ် ထင်တာပဲ
Cujo ဟာ သူ့သခင်တွေအပေါ် အရမ်းသစ္စာရှိပြီး ချစ်တက်သူပါအဓိက သူ့ကို ပိုချစ်တဲ့ ကားဝပ်ရှော့ပိုင်ရှင် ရဲ့ သားဖြစ်သူ ဘရက် ကိုပိုအလေးထားတဲ့သူပါ…တစ်ခြားတစ်ဖက်မှာတော့ သရဲကြောက်တဲ့ကောင်လေး တဒ် နဲ့ သူ့မိဘ တွေရဲ့အကြောင်းကိုလဲ ထပ်ပြထားပါတယ် မိသားစု ၂ ခုအကြောင်းပေါ့…တဒ် ရဲ့ အဖေ ဖြစ်သူ ဗစ် က စီးပွားရေး သမားတစ်ယောက်ဖြစ်ပြီးအချိန်ပြည့် အလုပ်များနေခဲ့ပါတယ် ဒါပေမယ့် သူ့သားကိုတော့ သူတော်တော်ချစ်ပါတယ်ဇနီးသည် ဖြစ်သူ ဒွန်နာကတော့ ဗစ် ရဲ့ သူငယ်ချင်းဖြစ်သူနဲ့ နောက်မီးလင်းနေခဲ့ပါတယ်အိမ်ထောင်ရေး ပျိုကွဲမှာ စိုးတဲ့ အတွက် ဗစ် က မသိချင်ယောင်ဆောင်ပေးခဲ့ပါတယ်တစ်ရက်မှာတော့ ဗစ် နဲ့ ဒွန်နာ တို့ဟာ တဒ် ကိုခေါ်ပြီး ကားဝပ်ရှော့ဆရာဆီကားပြင်ဖို့ ထွက်လာခဲ့ပါတယ် အဲ့ဒီအချိန်မှာပဲ ချစ်စရာခွေးလေး ကူဂျို ကို တဒ် စတင်တွေ့ရှိကာရင်းနှီးခဲ့ပါတယ် ကူဂျို ရဲ့ ပိုင်ရှင်ဖြစ်သူ ဘရက်နဲ့လဲ သူငယ်ချင်းတွေဖြစ်ခဲ့တယ်…တစ်ရက်မှာတော့ ဗစ် ဟာ အလုပ်ကိစ္စ နဲ့ ခရီးထွက်ဖို့ ပြင်ရပါတော့တယ် အဲ့ဒီအချိန်မှာပဲထိန်းချူပ်ထားတဲ့ မျိုသိပ်ထားတဲ့ ကိစ္စတွေ ပေါက်ကွဲကုန်ကြပြီ ခရီးက ပြန်လာမှဒီကိစ္စကို ရှင်းကြဖို့ စီစဉ်ပါတယ် ဗစ် ခရီးထွက်သွားပြီးနောက် ဒွန်နာ ရဲ့ ကားကစက်ခဏခဏ သေနေတဲ့အတွက် ကားဝပ်ရှော့ ဆရာဆီကို တဒ်ကိုပါ ခေါ်ပြီး ပြန်လာခဲ့ရပါတယ်ဒါပေမယ့် ကားဝပ်ရှော့မှာ သူမ ထင်ထားသလို လူတစ်ယောက်မှ မရှိပဲ ပျောက်ဆုံးနေတာကိုသိလိုက်ရတဲ့ အခါမှာတော့….ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Mie Mie ဖြစ်ပြီးThit San Khant မှ Encode လုပ်ပေးထားပါတယ်
File size – ( 670MB & 440MB )
Quality – DVD Rip 720P
Format – MP4
Duration – 2h 15m
Subtitle – Myanmar Subtitle
Encoder – Thit San Khant
Credit : Channel Myanmar
Download Link

Comments
Post a Comment