Man Of Steel (2013) [ DCEU - 1 ] DC Extended Universe { Action , Adventure , Fantasy , Sci-Fi } USA


Cast & Crew

Top Billed Cast





IMDB: 7.1/10 629,830 votes

7 wins & 46 nominations.
======================

ရုပ်​ရှင်​အညွှန်း
===========

 Director: Zack Snyder ရိုက်ကူးတင်ဆက်ထားပြီးJune 14, 2013 (USA) မှာ ရုံတင်ပြသခဲ့တဲ့ Super Man ဇာတ်ကားအသစ်ဖြစ်ပါတယ်…Super Man ဆိုတိုင်း ထူးမခြားနား ပုံစံအတိုင်းထူးဆန်းတဲ့ မိုးကောင်းကင်ကနေကျလာတဲ့ လူသားလေးကို ရိုးသားတဲ့ တောသူတောင်သူ လင်မယားကမွေးစားလိုက်တဲ့ ဇတ်လမ်းပါပဲဒါပေမယ့် ထူးခြားနေပါတယ်….Super Man ခေါ် ခါအလ် ရဲ့ မွေးဖွားခြင်းနဲ့ သူ နေထိုင်ရာ ဂြိုလ်ပျက်စီးခြင်းကိုတွဲမြင်ရမှာဖြစ်ပါတယ်

ဂြိလ်ပြန်လည်တည်ထောက်ဖို့ ပင်မ သော့ကိုတော့Super Man ရဲ့ ဖခင် ဂျိုအယ် နဲ့ မိခင် လာရာ က သူ့သား ရဲ့ယဉ်ငယ်ကိုယ်ထဲကို ထည့်သွင်းပေးပြီးတော့ကမ္ဘာဂြိုလ်ဆီသို့ ယဉ်ငယ်လေးနဲ့ ပို့လွှတ်လိုက်ပါတယ်….အရင်လို မဟုတ်ပဲ ထူးခြားတာကတော့ Super Man ရဲ့ငယ်ဘ၀ မှာ လူတွေနဲ့ အဆင်မပြေနေထိုင်ခဲ့ရပါတယ်ကျနော်တို့ ထင်သလို ငယ်စဉ်ကတည်းက Hero လူစွမ်းကောင်းမဟုတ်ခဲ့ပါဘူးလူတိုင်းရဲ့ အထူးအဆန်းအဖြစ် ကြည့်ရှုမြင်နေမှုကိုရရှိခဲ့ရတာပါ…ဒီလိုနဲ့ တစ်ရက် ကျောင်းကား မတော်တဆ ဖြစ်ပြီး ရေနစ်တဲ့အချိန်မှာSuper Man က ရေထဲကနေ ကားကို ကုန်းပေါ်ပြန်တွန်းတင်ခဲ့ပါတယ်..ဒါကို မြင်လိုက်တဲ့ ကျောင်းသား အချို့က ပြန်ပြောပြတော့ မွေးစားဖခင်ကSuper Man ကို ခေါ်ပြီး ဘယ်သူ သေသေ ဒုက္ခရောက်ရောက်အစွမ်းကို ဘယ်တော့မှ ထုတ်မပြပါနဲ့လို့ ကတိတောင်းခဲ့တယ်…ဒီလိုနဲ့ Super Man လဲ တည်ငြိမ်စွာနဲ့ ဘ၀ ကို ဖြတ်သန်းလာပြီးနောက်လူပျိုပေါက်အရွယ်မှာပဲ မွေးစား အဖေ အမေ နဲ့ အတူ ခရီးထွက်လာရင်းလမ်းတ၀က်မှာ လေမုန်တိုင်း ရုတ်တရက်ဝင်လာပါတော့တယ်…လူတွေကို သားအမိသားအဖ သုံးယောက်လိုက်ကူပြီး နေရာရွှေ့ပေးနေတဲ့အချိန်မှာပဲ ကားထဲမှာ ခွေးလေး ကျန်နေခဲ့လို့ ဖခင်ဖြစ်သူက သွားကယ်တဲ့အချိန်မှာပဲ ခွေးလေးကို ကယ်လို့ လွှတ်ပေးအပြီး လေမုန်တိုင်းက အဲ့ဒီနေရာကို ၀င်လာခဲ့ပါတော့တယ်အကာအကွယ်ရှိတဲ့နေရာကနေ ဖခင်ကိုကယ်ဖို့ ထွက်ဖို့လုပ်နေတဲ့ Super Man ကို ဖခင်က ခေါင်းတစ်ချက်ခါပြခဲ့တယ် မလာနဲ့ သား မင်းကတိကို မင်းတည်ပါ ဆိုတဲ့ အဓိပ္ပါယ်တစ်ခု သက်ရောက်နေခဲ့မှာပါ….ဒီလိုနဲ့ ဂြိုလ်ပျက်စီးခဲ့စဉ်က ထိန်းသိမ်းထားခဲ့တဲ့ သစ္စာဖောက်အကျဉ်းသားတွေလဲ Super Man ရဲ့ အနံ့ကို ခံပြီး ကမ္ဘာမြေပေါ် ရောက်လာတဲ့အချိန်မှာတော့…. ဇာတ်လမ်းက ပိုကြည့်လို့ကောင်းသွားပါပြီဆက်ပြောချင်ပေမယ့် အညွှန်းက ရှည်နေမှာဆိုးလို့ဘရိတ်ပါပြီ ကျနော် အကြိုက်ဆုံး Super Man ဇတ်ကားတစ်ခုပါလို့ညွှန်းဆိုပါရစေဗျာ…

 1080P BluRay 
Duration – 2hr 15min 
Subtitle – Myanmar Hardsub 
Gern – Sci-fi 
Translator – May Thazin Soe 
Encoder – Thit San Khant

Credit : Channel Myanmar

Download Links
================


=====

Comments

Popular posts from this blog

The Promise (aka) Puen Tee Raluek (2017) Thailand

నా పేరు సూర్య నా ఇల్లు ఇండియా (or) Naa Peru Surya, Naa Illu India (or) Surya - The Brave Soldier (2018) [ Allu Arjun + Anu Emmanuel ] { Action } India

Never Gone (2016) [ Liu Yifei + Kris Wu ] { Drama , Romance } China